မာတိကာသို့ ခုန်သွားရန်

စကော့တ် မော်ရစ်ဆင်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
"စကော့ မောရစ်ဆန်"ကို ဤနေရာသို့ ညွှန်းသည်။ အခြားအဓိပ္ပာယ်များအတွက် စကော့ မောရစ်ဆန် (သံတူကြောင်းကွဲ)ကို ကြည့်ပါ။

ဂုဏ်ပြုအပ်သော

စကော့တ် မော်ရစ်ဆင်

၂၀၂၁ ခုနှစ်၌ မော်ရစ်ဆင်၏ ဓာတ်ပုံ
၃၀ ယောက်မြောက် ဩစတြေးလျနိုင်ငံတော် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၄ ဩဂုတ် ၂၀၁၈ – ၂၃ မေ ၂၀၂၂
ဧကရာဇ်ဒုတိယ အယ်လီဇဘက်
ဘုရင်ခံချုပ်ဒေးဗစ် ဟာလီ
လက်ထောက်ဘာနဘီ ဂျွိုက်စ်
ယခင်လူမယ်လ်ကမ် ထန်းဘူးလ်
ဆက်ခံသူအန်တိုနီ အယ်လ်ဘာနီစီ
လစ်ဘရယ်ပါတီ ခေါင်းဆောင်
တာဝန်သက်တမ်း
၂၄ ဩဂုတ် ၂၀၁၈ – ၃၀ မေ ၂၀၂၂
လက်ထောက်ဂျော့ရှ် ဖရိုင်ဒန်ဘတ်
ယခင်လူမယ်လ်ကမ် ထန်းဘူးလ်
ဆက်ခံသူပီတာ ဒတ်ထန်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားစကော့တ် ဂျွန် မော်ရစ်ဆင်
(1968-05-13) ၁၃ မေ၊ ၁၉၆၈ (အသက် ၅၆)
ဆစ်ဒနီမြို့နယူးဆောက်ဝေးပြည်နယ်ဩစတြေးလျနိုင်ငံ
နိုင်ငံရေးပါတီလစ်ဘရယ်
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
လစ်ဘရယ်-နယ်ရှီနယ်လ် ညွန့်ပေါင်းအဖွဲ့
ကြင်ဖော်(များ)ဂျယ်နီ မော်ရစ်ဆင် (လက်ထပ် 1990)
သားသမီး
ဖခင်ဂျွန် ဒေါ့ဂလက်စ် မော်ရစ်ဆင်
ပညာရေးနယူးဆောက်ဝေး တက္ကသိုလ် (သိပ္ပံဘွဲ့)[]
လက်မှတ်
ဝက်ဘ်ဆိုဒ်scottmorrison.com.au
နာမည်ပြောင်စကိုမို[]

စကော့တ် ဂျွန် မော်ရစ်ဆင်သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဩစတြေးလျနိုင်ငံ၏ ၃၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဩစတြေးလျနိုင်ငံရေးသမားဖြစ်သည်။ လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အဖြစ် ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ရာထူးတာဝန်ရယူခဲ့သည်။ သူသည် ၂၀၁၃ ခုနှစ်ကတည်းက အကြီးတန်း ဝန်ကြီးရာထူးများကို ထမ်းဆောင်ခဲ့ပြီး ယခင် ဝန်ကြီးချုပ် တန်းဘူး၏ အစိုးရ (၂၀၁၅-၂၀၁၈) တွင် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မော်ရစ်ဆင်သည် ဆစ်ဒနီမြို့တွင် မွေးဖွားခဲ့ပြီး နယူးဆောက်သ်ဝေး တက္ကသိုလ်တွင် စီးပွားရေး ပထဝီဝင် ဘာသာရပ်ကို သင်ကြားခဲ့သည်။ သူသည် ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အတွင်း နယူးဇီလန် ခရီးသွားလုပ်ငန်းနှင့် အားကစားရုံး၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ မှ ၂၀၀၆ ခုနှစ်တွင် ဩစတြေးလျ ခရီးသွားလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်ခဲ့သည်။ မောရစ်ဆန် သည် ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း နယူးဆောက်သ်ဝေးပြည်နယ် လစ်ဘရယ်ပါတီ၏ ပြည်နယ်ဒါရိုက်တာ အဖြစ်လည်း တာဝန်ယူခဲ့သည်။ နောက်ပိုင်းတွင် နယူးဆောက်သ်ဝေးလ်ရှိ ကွတ်ခ်မြို့နယ် ကို ကိုယ်စားပြု၍ ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော် တွင်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ထို့နောက် ၂၀၁၃ ရွေးကောက်ပွဲ တွင် ညွန့်ပေါင်းပါတီတို့ အောင်ပွဲခံခဲ့ပြီးနောက် ဩစတြေးလျဝန်ကြီးချုပ် အဘော့၏ အစိုးရတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က အချုပ်အခြာအာဏာ နယ်စပ် စစ်ဆင်ရေး ကို အကောင်အထည်ဖော်ရန် တာဝန်ယူခဲ့သူ ဖြစ်သည်။ နောက်တစ်နှစ် အပြောင်းအလဲတွင် သူသည် လူမှုဝန်ထမ်း ဝန်ကြီး ဖြစ်လာသည်။ မဲလ်ကွန် တန်းဘူး အား အဘော့၏ နေရာတွင် ဝန်ကြီးချုပ်အဖြစ် အစားထိုးပြီးနောက်သူသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့သည်။

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ပြည်ထဲရေး ဝန်ကြီး ပီတာ ဒတ်တွန် သည် တန်းဘူးအား လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်နေရာအတွက် စိမ်ခေါ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ခေါင်းဆောင်များကြားတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပါတီသည် ဩဂုတ်လ ၂၄ ရက်တွင် ဒုတိယအကြိမ် ခေါင်းဆောင်နေရာအတွက် ဆန္ဒမဲ ပေးခဲ့ပြီး တန်းဘူးက ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပေ။ ထိုဆန္ဒမဲပေးရာတွင် မောရစ်ဆန်သည် ဒတ်တွန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ ကို အနိုင်ယူပြီးလစ်ဘရယ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထို့နေ့တွင် သူသည် ဘုရင်ခံချုပ် ရှေ့မှောက်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ မောရစ်ဆန်သည် ၂၀၁၉ ရွေးကောက်ပွဲတွင် ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး အနိုင်ရရန် ခက်ခဲသော ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သည်။

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Morrison Au parl
  2. "Scott Morrison or ScoMo — is it time he retired the nickname now he's Prime Minister?"၊ September 2018။